သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင် သင်တန်း

သူနာပြုအကူနှင့် ဆေးဝါးကျွမ်းကျင်အကူ သင်တန်းများကို မြန်မာနိုင်ငံအနှံ့ မြို့ကြီး (၂၉)မြို့တွင် ဖွင့်လှစ်ထားပါသည်။ 😇

🔴 သူနာပြု အကူသင်တန်း
💰 သင်တန်းကြေး – (၃)သိန်း (၅)သောင်း


🔵 ဆေးဝါးကျွမ်းကျင် သင်တန်း
💰သင်တန်းကြေး – (၂)သိန်း (၂)သောင်း


🔺 သူနာပြု အကူသင်တန်းကို ပညာအရည်အချင်း အနိမ့်ဆုံး အလယ်တန်းအောင်မှစ၍ တက်ရောက်နိုင်ပါသည်။

🔹 ဆေးဝါးကျွမ်းကျင် သင်တန်းကို ပညာအရည်အချင်း (၁၀) တန်းမှစ၍ တက်ရောက်နိုင်ပါသည်။

🌟 သင်တန်းသား တစ်ယောက်ချင်းစီကို အမှန်တကယ် နားလည်တဲ့ အဆင့်ထိ၊ စနစ်တကျ သင်ကြားပေးသွားပါမည်။

▄▄▄▄▄▄▄▄▄▄▄▄▄▄

🔴 သူနာပြု အကူသင်တန်း
💰 သင်တန်းကြေး – (၃)သိန်း (၅)သောင်း

🔺 သူနာပြု အကူသင်တန်းကို ဘယ်သူတွေ တက်သင့်သလဲ ?

• ကျန်းမာရေးဗဟုသုတကို စိတ်ဝင်စားသူများ
• ကျန်းမာရေးနှင့် ပတ်သက်၍ အသက်မွေးဝမ်းကြောင်း ပြုလိုသူများ
• မိမိဒေသပတ်ဝန်းကျင်ရှိ လူများကို ပြုစုစောင့်ရှောက် ပေးလိုသူများအတွက် အလွန် သင့်တော်သော သင်တန်းတစ်ခု ဖြစ်ပါသည်။


🔺 သူနာပြု အကူသင်တန်းတွင်

၁။ ရှေးဦး သူနာပြုစုနည်းများ
၂။ အရေးပေါ် အသက်ကယ်နည်းများ
၃။ ရောဂါကာကွယ် ကုသနည်းများ
၄။ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်နည်းများ
၅။ မွေးကင်းစမှ စ၍ ကလေးသူငယ် ပြုစုစောင့်ရှောက်နည်းများ
၆။ လူနာရွှေ့ပြောင်းနည်း၊ အိပ်ယာခင်းလဲလှယ်နည်း၊ ရေပတ်တိုက်နည်း
၇။ အနာဆေးကြောသန့်စင်နည်း၊ ပတ်တီးစည်းနည်းများ
၈။ နှာခေါင်းပိုက်ထည့်နည်း၊ နှာခေါင်းပိုက်မှ အစာထည့်နည်း
၉။ ဆီးပိုက်ထည့်နည်းနှင့် ဆီးအိတ် လဲလှယ်နည်းများ
၁၀။ ECG ဆွဲနည်း

၁၁။ Suction စက်များဖြင့် ချွဲ၊ သလိပ်၊ အညစ်အကြေးများစုပ်နည်း
၁၂။ Nebulizer များအသုံးပြုပုံ
၁၃။ Oxygen အိုး အသုံးပြုပုံ / သွေးတွင်းအောက်စီဂျင်ပမာဏ တိုင်းနည်း
၁၄။ ဆီးချို၊ သွေးချို ရှိမရှိ စမ်းနည်း
၁၅။ ကိုယ်ဝန်ရှိမရှိ စစ်နည်း
၁၆။ သွေးဖောက်စုပ်နည်းများ
၁၇။ ဆေးရုံ၊ ဆေးခန်းသုံး ခွဲစိတ် ပစ္စည်းများ အသုံးပြုကိုင်တွယ်ပုံများ
၁၈။ သွေးပေါင်ချိန်ခြင်း၊ သွေးခုန်နှုန်း၊ နှလုံးခုန်နှုန်းစမ်းခြင်း၊ သာမိုမီတာ အသုံးပြုပုံများကို စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်ပါသည်။


🔺 သင်တန်းပြီးမြောက်လျှင် သူနာပြုအကူ သင်တန်းဆင်းလက်မှတ် ပေးအပ်မည် ဖြစ်ပါသည်။

💢 လူနာပြုစုစောင့်ရှောက်ခြင်း၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ခြင်း၊ ကလေးပြုစုစောင့်ရှောက်ခြင်း (Home Care) အတွက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း 💢

• အလုပ်ချိန် – ၁၂ နာရီ (တစ်ရက် 10,000 Ks မှ 12,000 Ks အထိ)
• နေစားငြိမ်းလစာ – (350,000 Ks)
• အလုပ်ချိန် – မနက် (၇) နာရီမှ ည (၁၀) နာရီထိ
• အထူးကုဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများတွင် ညှိနှိုင်းလစာ – (150,000 Ks မှ 300,000 Ks အထိ)


✅ စင်ကာပူနိုင်ငံတွင် Caregiver အဖြစ် အလုပ်လုပ်လိုသော သင်တန်းသား/ သင်တန်းသူများအတွက်၊ အလိမ်မခံရအောင် သင်တန်းကျောင်းမှတဆင့် စင်ကာပူ အေဂျင်စီများထံသို့ ချိတ်ဆက်ပေးမည် ဖြစ်ပါသည်။

✅ ဂျပန်နိုင်ငံရှိ ဘိုးဘွားရိပ်သာများတွင် သွားရောက်လုပ်ကိုင်လိုသူများကိုလည်း သင်တန်းကျောင်းရှိ “ဂျပန်ဘာသာစကားသင်တန်း” တွင် တက်ရောက်စေပြီး အေဂျင်စီများဖြင့် ချိတ်ဆက် ပို့ဆောင်ပေးပါသည်။ 😇

▄▄▄▄▄▄▄▄▄▄▄▄▄▄

🔵 ဆေးဝါးကျွမ်းကျင် သင်တန်း
💰 သင်တန်းကြေး – (၂)သိန်း (၂)သောင်း

🔹 ဆေးဝါးကျွမ်းကျင် သင်တန်းကို ဘယ်သူတွေ တက်သင့်သလဲ ?

• ကိုယ်ပိုင်ဆေးဆိုင် ဖွင့်လိုသူများ
• ဆေးဝါးနှင့်ဆိုင်သော ဗဟုသုတကို စိတ်ဝင်စားသူများ
• ဆေးဆိုင်/ဆေးခန်းများတွင် အလုပ်ဝင်လိုသူများ
• ကျန်းမာရေးနှင့် ပတ်သက်၍ အသက်မွေးဝမ်းကြောင်း ပြုလိုသူများအတွက် အလွန် သင့်တော်သော သင်တန်းတစ်ခု ဖြစ်ပါသည်။


🔹 ဆေးဝါးကျွမ်းကျင် သင်တန်းတွင်

၁။ ဆေးဝါးပညာဘာသာရပ် မိတ်ဆက်
၂။ ဆေးများ၏ Brand Name / Generic Name အခေါ်အဝေါ်များ
၃။ ဆေးအမျိုးအစား / ဆေးပုံသဏ္ဍာန်
၄။ ဆေးများ၏ ရောဂါအလိုက် အသုံးဝင်ပုံ
၅။ ဆေးများ၏ ဘေးထွက်ဆိုးကျိုးများ
၆။ ဆရာဝန် ညွှန်ကြားချက်ဖြင့်သာ ရောင်းချရမည့် ဆေးများအကြောင်း
၇။ ထိန်းချုပ် ဆေးဝါးများအကြောင်း
၈။ ဆေးဝါးများ ထားသိုနည်း

၉။ ဆေးစျေးနှုန်း သက်မှတ်နည်းများ
၁၀။ ဆေးဆိုင်နေရာ ရွေးချယ်နည်း
၁၁။ ဆိုင်ခန်း ပြင်ဆင်နည်း
၁၂။ ဆေးရောင်း နည်းစနစ်များ
၁၃။ ဆေးဆိုင် စီမံခန့်ခွဲမှု နည်းပညာများ
၁၄။ ဝန်ထမ်း ရွေးချယ်နည်းများ
၁၅။ စာရင်းဇယားများ ပြုလုပ်နည်းများ
၁၆။ ဆေးဆိုင်လိုင်စင် ပြုလုပ်နည်းများ
၁၇။ အထွေထွေ ကျန်းမာရေး ဗဟုသုတများ အစရှိသည်တို့ကို စနစ်တကျ သင်ကြားပေးသွားမည် ဖြစ်သည်။


🔹 ဆေးကုမ္ပဏီများ၊ ဆေးဆိုင်များ၌ အလုပ်လျှောက်ထားရာတွင် အရောင်းအဝယ်ပိုင်း ကျွမ်းကျင်မှုရှိစေရန် “Sale & Marketing သင်တန်း” ကိုပါ တွဲဖက် သင်ကြားပေးသွားမည် ဖြစ်ပါသည်။

✅ ထို့ကြောင့် သင်တန်းပြီးမြောက်လျှင် ဆေးဝါးကျွမ်းကျင် သင်တန်းဆင်းလက်မှတ် အပြင် Sale & Marketing Certificate ကိုပါ ပေးအပ်မည် ဖြစ်ပါသည်။ 😇

✅ သင်တန်းပြီးမြောက်သူများကို သင်တန်းကျောင်းမှတဆင့် ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်၊ ဆေးကုမ္ပဏီများတွင် အလုပ်နေရာများ ရရှိစေရန် (အခမဲ့) ကူညီပေးသွားမည် ဖြစ်ပါသည်။

———————————

🔸 “သင်တန်း ပြီးမြောက်သူများအတွက် အလုပ်အကိုင်များ (အခမဲ့) ကြိုးစားရှာဖွေပေးသွားမည် ဖြစ်သော်လည်း သင်တန်းသား/သူအားလုံး အလုပ်ရမည်ဟု အာမခံနိုင်ခြင်း မရှိကြောင်း ကြိုတင်အသိပေးလိုပါသည်။” 🔸

မိဘပြည်သူများနှင့် သင်တန်းသား၊ သင်တန်းသူများအားလုံး ဘေးကင်းလုံခြုံပြီး ကပ်ရောဂါအန္တရာယ်မှ ကင်းဝေးကြပါစေ 🙏

———————————